top of page

အသုံးပြုမှု မူဝါဒ

စင်တာရဲ့ ဝက်ဘ်ဆိုက်ကိုဝင်ကြည့်ရင်း ပြင်ပမှာ ပြန်လည်မျှဝေ ဖောက်သည်ချချင်ရင်လည်း အားနာမနေရအောင် "အသုံးပြုမှု မူဝါဒ" ကို ရေးသားထားရတာပါ။ ဒီမူဝါဒဟာ လူကြီးမင်းရဲ့ အဆင်ပြေချောမွေ့မှုနဲ့ စင်တာရဲ့ လုပ်သာကိုင်သာရှိမှုကို ရည်ရွယ်ပါတယ်။

ဒီဝက်ဘ်ဆိုက်မှာ သီးသန့်ရည်ညွှန်းမှတ်ချက်ပြုထားတဲ့ အကြောင်းအရာတွေကလွဲလို့ တင်ဆက်ဖော်ပြမှုတွေကို Creative Common လိုင်စင်ရဲ့ Attribution-NonCommercial 4.0 International သတ်မှတ်ချက်တွေနဲ့ သုံးခွင့်ပြုပါတယ်။

cc.xlarge.png

လွတ်လွတ်လပ်လပ်

မျှဝေတာ၊ ပြုပြင်ပြောင်းလဲတာ၊ ထပ်မံဖြည့်သွင်းဖန်တီးတာတွေ လုပ်ခွင့်ရှိပါတယ်

by.xlarge.png

အသိအမှတ်ပြု

မူရင်းဖန်တီးသူကို အသိအမှတ်ပြုဖော်ပြပါ

nc.xlarge.png

ရောင်းရန်မဟုတ်

စီးပွားရေးအလို့ငှာ ပြန်လည်အသုံးချတာကိုတော့ ခွင့်မပြုပါဘူး

​ဝက်ဘ်ဆိုက်အသုံးပြုသူတွေဟာ

လွတ်လွတ်လပ်လပ်

  • မျှဝေနိုင်ပါတယ် - ဘယ်မီဒီယာပုံစံနဲ့မဆို ကူးယူတာ၊ ပြန်လည်ဖြန့်ဝေတာတွေ လုပ်ခွင့်ရှိပါတယ်။

  • ပြုပြင်ပြောင်းလဲနိုင်ပါတယ် - တခြားဖန်တီးမှုတွေနဲ့ ရောနှောပေါင်းစပ်တာ၊ တင်ဆက်ဖော်ပြမှု အသွင်သဏ္ဌာန် ပြောင်းလဲတာ၊ မူရင်းဖော်ပြချက်တွေကို အခြေခံထားပြီး ချဲ့ထွင်တာတွေ လုပ်နိုင်ပါတယ်။

 

ဒီဝက်ဘ်ဆိုက်မှာ လက်ရှိသတ်မှတ်ထားတဲ့ Creative Common လိုင်စင်၊ Attribution-noncommercial 4.0 International (CC BY-NC 4.0) အမျိုးအစားမှာ အကျုံးဝင်တဲ့ သဘောတူညီချက်တွေနဲ့ ကိုက်ညီသရွေ့ လူကြီးမင်းအတွက် ဒီလို လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်တွေကို စင်တာက ရုတ်သိမ်းကန့်သတ်ခွင့် မရှိပါဘူး။

CC BY-NC 4.0 လိုင်စင်အမျိုးအစားမှာ လိုက်နာစရာတွေက ...

  • မူရင်းဖန်တီးသူကို ဖော်ပြရာမှာ - သင့်တင့်လျောက်ပတ်တဲ့ အမည်နဲ့တကွ ဖော်ပြပေးရပါမယ်။ Creative Common လိုင်စင်နဲ့ပတ်သက်လို့ Link ဖော်ပြပေးရမယ်။ ပြင်ဆင်ပြောင်းလဲမှုရှိရင် ပြင်ဆင်ပြောင်းလဲထားကြောင်း ဖော်ပြပေးရမယ်။ အဲဒီလို ပြင်ဆင်ပြောင်းလဲ ဖော်ပြချက်တွေကို မူရင်းဖန်တီးသူက အားပေးထောက်ခံတယ်၊ လက်ခံတယ်လို့ မှတ်ယူခွင့်မရှိဘူး။

  • စီးပွားဖြစ်သုံးခွင့်နဲ့ ပတ်သက်လို့ - ဝက်ဘ်ဆိုက်ပါ အကြောင်းအရာတွေကို စီးပွားဖြစ်ပြန်လည် အသုံးပြုခွင့်မရှိပါဘူး။

  • ထပ်တိုးကန့်သတ်ချက်တွေနဲ့ ပတ်သက်လို့ - ခုလက်ရှိ လိုင်စင်ခွင့်ပြုချက်တွေထက် ကျော်လွန်တင်းကျပ်တဲ့ ဥပဒေအရ ကန့်သတ်တာ၊ နည်းပညာအရ ကန့်သတ်တာတွေ လုပ်ခွင့်မရှိဘူး။

သတိထားစရာ

 

မူပိုင်ခွင့်အရ ကန့်သတ်ထားခြင်းမရှိတဲ့ (အများပြည်သူပိုင်) ဖန်တီးမှုလက်ရာတစ်ရပ်ရပ်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဖော်ပြရင်ပဲဖြစ်ဖြစ်၊ လူကြီးမင်းရဲ့ ဖော်ပြမှုအတွက် ဆီလျော်အပ်စပ်တဲ့ ခြွင်းချက်အခြေအနေ (ဒါမှမဟုတ်) ကန့်သတ်ခွင့်ပြုမှုတွေ ရထားရင်ပဲဖြစ်ဖြစ် ဒီလိုင်စင်ပါသတ်မှတ်ချက်တွေအတိုင်း ကိုက်ညီစရာမလိုပါဘူး။

လူကြီးမင်း စိတ်တိုင်းကျ ခွင့်ပြုချက်တွေအားလုံးကိုတော့ ဒီလိုင်စင်က ခွင့်ပြုပေးနိုင်မှာ မဟုတ်ပါဘူး။ အများပြည်သူ သိရှိအပ်တဲ့ အကြောင်းအရာလား၊ တစ်ကိုယ်ရည်လုံခြုံမှုနဲ့ ပတ်သက်သလား၊ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ဘယ်လို အခွင့်အရေးတွေ ရှိသလဲဆိုတဲ့ အကန့်အသတ်တွေကြားမှာ နှိုင်းချိန်သုံးသပ်ပြီး သုံးစွဲနိုင်ပါတယ်။

ဖော်ပြထားတဲ့ အနှစ်ချုပ်ဟာ ဖတ်ရှုရလွယ်ကူအောင် ရေးသားထားတာဖြစ်ပြီး ခွင့်ပြုချက်တွေကို ဖွင့်ဆိုရာမှာ အင်္ဂလိပ်ဘာသာနဲ့ မူရင်းလိုင်စင်ပါ သတ်မှတ်ချက်တွေကသာ အခြေခံဖြစ်ပါတယ်။

bottom of page