top of page

The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၆

The Analyst

၅ ဧပြီ ၂၀၂၃

၆၇၉ KB

မြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ဘက်ပေါင်းစုံ အခက်အခဲ နိုင်ငံတကာ လျစ်လျူရှုထားသလား။ တရုတ် - အမေရိကန် အားပြိုင်မှုအဖြစ် ဘေကျင်းရှုမြင်လာမှုနဲ့ မြန်မာ့အရေး ဝါရှင်တန် က ဘေကျင်းအထူးသံနဲ့ တွေ့ဆုံမယ့် စာမျက်နှာသစ် အဖွင့်လှပါ့မလား။


"ဒီကျားဆိုး တို့အမျိုးတွေကိုတော့ စားလိမ့်မည်မဟုတ်" ယူဆချက်မျိုး စွဲစွဲထင်ထင် ဖြစ်အောင်လုပ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ချွေးသိပ်အစီအမံတွေ။ ခိုင်မာတဲ့ စုဖွဲ့မှုမရှိဘဲ စစ်အာဏာရှင်ကို အမြစ်ဖြတ်နိုင်ပါ့မလား။ တပ်တွင်းညီညွတ်ရေး ထပ်ခါတလဲလဲ ပြောနေရတဲ့ စစ်ခေါင်းဆောင်က တော်လှန်ရေးအင်အားစုတွေကို ပြတ်ပြတ်သားသား ဆောင်ရွက်မယ်လို့ ခြိမ်းခြောက်။ စစ်ခေါင်းဆောင်ရဲ့  နိုင်ငံရေးရည်မှန်းချက်နဲ့ အတူလိုက်ပါမယ့် နိုင်ငံရေးပါတီအစုအဖွဲ့တွေ၊ လူထုမြင်ရပြီဖြစ်တဲ့ နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်မှု စတဲ့ စုန်ဆန်စီးနေတဲ့ မြန်မာ့အရေး ဖြန့်ကျက်ခြုံငုံမိမယ့် သတင်းအချက်အလက်တွေနဲ့ အတူ ကိုးကားသတင်း ၂၁၇ ပုဒ်၊ စာမျက်နှာ ၂၁ မျက်နှာပါဝင်တဲ့ သတင်းလွှာ ဖြစ်ပါတယ်။

bottom of page