top of page

The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၁၅

The Analyst

၂၀ သြဂုတ် ၂၀၂၃

၁.၈ MB

ပြည်သူတစ်ရပ်လုံးနဲ့ စစ်အုပ်စု တိုက်ပွဲမှာ တော်လှန်ရေးအဖွဲ့တွေ ပြည်သူ့ဘက်ရပ်ဖို့ KIO ဗိုလ်ချုပ်တိုက်တွန်း။ စစ်တပ် နိုင်ငံရေးက ထွက်ရမယ်၊ စနစ် ပြောင်းရမယ်၊ နွေဦးဟာ အုပ်ချုပ်သူအပြောင်းအလဲဖြစ်ရုံလုပ်တဲ့ တော်လှန်ရေးမဟုတ်။ လဲပြိုကျဆုံးတော့မယ့် စစ်တပ်ရဲ့ လုပ်ငန်းစဉ်တွေမှာ အကျိုးစီးပွားအတွက် ဘယ်သူတွေ အားပေး အားမြှောက်လုပ်နေလဲ။


အာဏာရှင်စနစ်အဆုံးသတ်ရေး အားလုံးနဲ့ပူးပေါင်း ဆောင်ရွက်မယ့် KNU ကော်သူးလေပြည်နယ် ပေါ်ပေါက်ရေး သန္နိဌာန်ချ။ ပျက်ပြယ်သွားပြီဖြစ်တဲ့ NCA နဲ့ နိုင်ငံတကာနဲ့ ပြည်သူကို မလှည့်စားဖို့ KNU သတိပေး။


မြန်မာ့ပြဿနာမဖြေရှင်းနိုင်ရင် အာဆီယံအဖွဲ့ထဲ မဝင်ဘူးလို့ ဖိအားပေးလိုက်တဲ့ အရှေ့တီမော။ အာဏာနဲ့ နေရာ အကြွင်းမဲ့ ဆုပ်ကိုင်ထားနိုင်ရေး လက်ရင်းတွေနဲ့ အထိုင်ချနေတဲ့ စစ်ခေါင်းဆောင်။ ဒေသအများစုကို ထိန်းချုပ်နိုင်နေပြီလို့ စစ်ခေါင်းဆောင်က နိုင်ငံတကာစင်မြင့် မှာပြော။


"အရေးတော်ပုံ မုချအောင်ရမည်" လို့ တောင်သူတွေက ကြွေးကြော်။ "တော်လှန်မီးတောက်တွေ ကျွမ်းလောင်နေတုန်းဘဲ" တဲ့၊ လူငယ်တွေဖွင့်ဆိုလိုက်တဲ့ နွေဦးအသံ ...။ 


လာမယ့်အချိုးအကွေ့တွေမှာ စစ်အုပ်စု ပြိုလဲလေမလား။ နွေဦးတော်လှန်ရေး အရွေ့နဲ့ အရှိန်ကရော ဘယ်လိုရှိလေမလဲ။ ကိုးကားသတင်း ၂၂၉ ပုဒ်၊ စာမျက်နှာ ၂၁ မျက်နှာ ပါဝင်တဲ့ သတင်းလွှာ ဖြစ်ပါတယ်။

bottom of page