top of page

The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၁၃

The Analyst

၂၀ ဇူလိုင်၂၀၂၃

၈၅၁ KB

မီးမှိန်မှိန်အိမ်က အာဏာရှင် နဲ့ ဟိုဘက် မီးထိန်ထိန်အိမ်က အာဏာရှင် တို့ အကျိုးစီးပွား ပေါင်းထုပ်တဲ့ ဇာတ်မှာ ... စိန်နားကပ်အရောင်နဲ့ ပါးပြောင်ဖို့ ကြံစည်ကြပေမယ့် မရိုးရှင်းတဲ့ သတင်းစကားက လူထုရဲ့ ရိုးရှင်းတဲ့ဆန္ဒကို ဖြားယောင်းလို့မရ ...။ "အမှန်တရားကို ရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ" တဲ့၊ လူထုက ပိုင်းဖြတ်ခဲ့ကြတယ်။ နွေဦးဟာ ရည်စူးထားသလို မယိုင်မလဲ ...။ စစ်အုပ်စုကို မျက်နှာသာပေးဖို့ အရေးမှာ မြန်မာပြည်သူတွေနဲ့ အာဆီယံကို ခဲနဲ့ပေါက်သလို ဖြစ်နေတဲ့ ထိုင်း ရဲ့ လုပ်နည်းလုပ်ဟန်။


တောင်ပေါ် မြေပြန့် တော်လှန်ရေး အင်အားစုတွေနဲ့ တပ်ပေါင်းစုဖွဲ့ဖို့ အဆင်သင့်ရှိ၊ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်သူတွေနဲ့ လက်တွဲမယ် ဆိုတဲ့ တော်လှန်ရေးအင်အားစုအသီးသီးရဲ့ ကမ်းထားတဲ့ လက်တွေ၊ ဖွင့်ထားတဲ့တံခါးတွေ ...။ "ကျွန်မတို့ကြားထဲမှာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင်ပင် ညီညီညွတ်ညွတ်နဲ့ လုပ်နိုင် လေလေ၊ အာဏာရှင်စနစ် အဆုံးသတ်ဖို့မြန်လေလေပဲ" တဲ့။ NUG နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကား။ ဒီခရီးဟာ နီးပြီလား ...။ 


ကိုးကားသတင်း ၂၅၅ ပုဒ်၊ စာမျက်နှာ ၂၂ မျက်နှာ ပါဝင်တဲ့ သတင်းလွှာ ဖြစ်ပါတယ်။

bottom of page