top of page

မိတ်ဖက်ဆက်ဆံရေးများ မြှင့်တင်ခြင်း

Research Report

၂၇ မေ ၂၀၂၄

၆၂ KB

ဒီသုတေသနစာတမ်းမှာ စာဖတ်သူဟာ နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေကြားဆက်ဆံရေးရဲ့ အဖုအထစ် စိန်ခေါ်မှုတွေရဲ့ သဘာဝကို ခွဲခြားနားလည်နိုင်မှာ ဖြစ်ပါတယ်။ အစီရင်ခံစာ အပြည့်အစုံ (၆၄ မျက်နှာ) ကို မြန်မာဘာသာ ရှစ်မျက်နှာနဲ့ အနှစ်ချုပ်ထားတဲ့ထဲမှာ ပြည်တွင်းဦးစီးဆောင်မှုနဲ့ ထိရောက်တဲ့ နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေ ဖြစ်ပေါ်စေလိုတဲ့ နိုင်ငံတကာနဲ့ ပြည်တွင်း NGO တွေအတွက် ဖြေရှင်းရမယ့်အပိုင်းတွေကို ထောက်ပြထားတဲ့အပြင် နိုင်ငံတကာ အလှူရှင်တွေ လုပ်ဆောင်သင့်တဲ့ အချက်တွေကိုလည်း တိုက်တွန်း တင်ပြထားပါတယ်။ CENCS ရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ ပြည်သူ့ နိုးကြားပါဝင်မှု အားကောင်းမောင်းသန်ရှိရေးအတွက် ရေခံမြေခံကောင်းတွေဖော်ဆောင်ဖို့ ကြိုးပမ်းရာမှာ ဒီသုတေသနစာတမ်းဟာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံတွေကို ထုတ်ဖော်တင်ပြနိုင်ဖို့ ကြိုးပမ်းချက်တစ်ခု ဖြစ်ပါတယ်။

bottom of page