top of page

The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၅

The Analyst

၂၀ မတ် ၂၀၂၃

၇၀၁ KB

စစ်ဒဏ်ကို နက်နက်ရှိုင်းရှိုင်း ခံစားနေရတဲ့ အညာဟာ စစ်တလင်းပြင် ပိုနက်လာတယ်။ စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ။ မြန်မာ့အရေး "ပြည်တွင်းရေး ဝင်မစွက်"ဆိုတဲ့ မူနဲ့ မောင်းနှင်နေတဲ့ အာဆီယံ။ မြန်မာ့အရေး အင်ဒို သင်္ကြန်အမြောက်တွေ ပစ်ခဲ့တာလား။ စစ်အုပ်စု အတွက် လုံခြုံတဲ့နေရာ မရှိစေရလို့ ကြိမ်းဝါး။


အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ထိပ်တိုက်မတွေ့ရေး စစ်ခေါင်းဆောင်ရဲ့ ခြေလှမ်းနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်တွေနဲ့ ရင်ဆိုင်ရဖွယ်ရှိနေတဲ့ နွေဦးတော်လှန်ရေး။ မှန်းဆရန် ခက်သော်လည်း ဂရုပြုသင့်တဲ့ ဘေကျင်းအထူးသံနဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှု။ ဖြန့်ကျက် ခြုံငုံမိမယ့် စစ်ရေး၊ နိုင်ငံရေး သတင်းအချက်အလက်တွေနဲ့အတူ ကိုးကားသတင်း ၂၆၈ ပုဒ်၊ စာမျက်နှာ ၂၂ မျက်နှာပါဝင်တဲ့ သတင်းလွှာ ဖြစ်ပါတယ်။

bottom of page