top of page

The Analyst သတင်းလွှာ အတွဲ ၂၊ အမှတ် ၂၂

The Analyst

၇ ဒီဇင်ဘာ ၂၀၂၃

၁.၁၁ MB

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ - ၃၀ အတွင်း အဖြစ်အပျက်များစွာထဲမှာ - 

  • တရုတ်-မြန်မာချစ်ကြည်ရေး ပျက်ပြားရန်ကြိုးပမ်းမှု လက်မခံဟု တရုတ်ဆို

  • ၁၀၂၇ စစ်ဆင်ရေးကို ကျူးကျော်စစ်ဟု စစ်ကောင်စီ တံဆိပ်ကပ်

  • မြို့ငါးမြို့နှင့် တပ်စခန်း ၁၆၀ ကျော်ကို MNDAA သိမ်းပိုက်

  • ပုဂ္ဂလိကဘဏ်ငါးခုမှ ကျပ် ၄၄ ဘီလီယံကျော်ကို NUG သိမ်းဆည်း


စသဖြင့် သတင်းပေါင်း ၂၃၄ ပုဒ်ကို ကိုးကားထားပါတယ်။ တစ်နိုင်ငံလုံး စစ်ရေးအရှိန်တိုးမြှင့်မည်ဆိုသော မြောက်ပိုင်း သုံးဖွဲ့၏ သေမင်းခေါ်သံ ကြေညာချက်နှင့်အတူ တရကြမ်းတိုးနေသည့် စစ်ကောင်စီဘက်မှ အလံဖြူထောင် လက်နက်ချမှုများ၊ ကျူးကျော်စစ် ဟူသော ဆိုင်းဘုတ်ကိုအသုံးပြု၍ အမျိုးသားရေးအမည်ခံ လက်ကိုင်တုတ်များဖြင့် တရုတ်ဆန့်ကျင်ရေးမီး မွှေးလိုက်သည့် စစ်ခေါင်းဆောင်၊ ၎င်း မွှေးလိုက်သောမီးက ၎င်းကို ပြန်လောင်၍ ပြာဖြစ်စေ မည့်လမ်းလား၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။

bottom of page