top of page

The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၈

The Analyst

၉ မေ ၂၀၂၄

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ - ၃၀ အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို ချက်ချင်း လွှတ်ပေးရန် ထိုင်း တောင်းဆို

  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်ကို စစ်ကောင်စီက နေရာပြောင်း ချုပ်နှောင်ထား

  • မွန်ပြည်နယ်တွင် တိုက်ပွဲ အရှိန်မြှင့်ရန် မဟာမိတ်များ ဆွေးနွေး

  • ရခိုင် ရွှေလှေတိုက်နယ် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၆၂ ဦးသေ


စသဖြင့် သတင်း ၂၃၇ ပုဒ်ကို ကိုးကားထားပါတယ်။ စစ်အုပ်စု လက်အောက်က ခွဲထွက်ရပ်တည်မယ်လို့ အတိအလင်းကြေညာခဲ့ပေမယ့် ရိုးရှင်းခြင်းမရှိတဲ့ ကရင် BGF၊ လှေနံနှစ်ဖက်နင်း ကိုယ်ကျိုးစီးပွား ပဓာနပြုတဲ့ နိုင်ငံရေး ကစားပွဲတွေ  ရှိနေပြီလား၊ မြန်မာ့ဒီမိုကရေစီအရေးကို အထင်ကရ နိုင်ငံကြီးတွေက အသံကျယ်ကျယ် အော်ဟစ်နေချိန်မှာ စစ်ကောင်စီကို လက်တွေ့ကျကျ ပံ့ပိုးပေးနေတဲ့ တရုတ်နဲ့  ရုရှား၊ လူမြင်ကွင်းက ရက်အတန်ကြာ ပျောက်ကွယ်နေရာက ပြန်လည် ထွက်ပေါ်လာတဲ့ ဒုတပ်ချုပ် စိုးဝင်း၊ ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူကို  ကျန်းမာရေး အကြောင်းပြ အနားယူခွင့်ပြုလိုက်တဲ့ စစ်ကောင်စီ။ ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ် တစ်ကြိမ်ထုတ် သတင်းလွှာ ဖြစ်ပါတယ်။

bottom of page