top of page

The Analyst သတင်းလွှာ အတွဲ ၃၊ အမှတ် ၄

The Analyst

၉ မတ် ၂၀၂၄

၉၁၅ KB

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ - ၂၉ အတွင်း အဖြစ်အပျက်များစွာထဲမှာ -

  • မြူးနစ်ညီလာခံတွင် မြန်မာ ကိုယ်စားပြု၍ NUG တက်ရောက်

  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အကျုံးမဝင်သူများကို ပြည်သူ့စစ် စုဆောင်းရန် စစ်ကောင်စီ ကြံစည်

  • မြို့သိမ်းရန်ထက် အာဏာဗဟိုချက် နေပြည်တော်ကို တိုက်ခိုက်ရန် လုပ်ဆောင်မည်ဟု KNU ဆို

  • စလင်းမြို့နယ်တွင် စစ်ကောင်စီ တိုက်လေယာဥ်တစ်စီး ပျက်ကျ


စသဖြင့် သတင်းပေါင်း ၂၃၇ ပုဒ်ကို ကိုးကားထားပါတယ်။ တိုင်းပြည် ကသောင်းကနင်းဖြစ်နေချိန်မှာ စစ်မှုထမ်း အမိန့်နဲ့ အဆင်းဘီးတပ်ပေးလိုက်တဲ့ စစ်ကောင်စီ၊ ရိုဟင်ဂျာတွေကို  အဓမ္မတပ်သားသစ် စုဆောင်းခြင်းနဲ့ ရခိုင် ပြည်နယ်က လူ့အဖွဲ့အစည်းတွေကြား သဟဇာတဖြစ်မှုကို ဖျက်ဆီးနေသလား၊ မြန်မာ့နွေဦး တော်လှန်ရေးမှာ ဒေသတစ်ခုတည်း လွတ်လပ်ရုံနဲ့ ဖက်ဒရယ်နိုင်ငံ မတည်ဆောက်နိုင်ဘူးလို့ သတိပေးလိုက်တဲ့ NUG၊  လက်နက် ခဲယမ်းတွေသယ်လာတဲ့ စစ်ကောင်စီ မော်တော်ယာဉ်ငါးစီးကို သိမ်းပိုက်လိုက်တဲ့ တော်လှန်ရေးအင်အားစုများ၊ စသဖြင့် ခြုံငုံမိစေဖို့ ဖတ်ရှုရမယ့် နှစ်ပတ်တစ်ကြိမ်ထုတ် သတင်းလွှာဖြစ်ပါတယ်။

bottom of page