top of page

ကိုယ်ရေးအချက်အလက်မူဝါဒ

ဝက်ဘ်ဆိုက်တွေကိုကြည့်ရှုသုံးစွဲရာမှာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကိုယူရတာ နည်းပညာရဲ့ အလုပ်လုပ်ပုံသဘာဝပါပဲ။ ကိုယ်ရေးအချက်အလက်မူဝါ သုံးစွဲသူတွေရဲ့အချက်အလက်တွေ လုံခြုံမှု၊ သုံးစွဲရာမှာ အဆင်ပြေချောမွေ့မှု စတာတွေအတွက် ရည်ရွယ်တာပါ။ (အချိန်ပေးဖို့အခက်အခဲရှိရင် #လိုတိုရှင်း စာပိုဒ်လေးတွေကို ဖတ်ကြည့်ပြီး၊ အသေးစိတ်သိချင်တဲ့အပိုင်းအတွက် အပြည့်အစုံဖတ်နိုင်ပါတယ်။)

 

ဒီမူဝါဒကို ၁ မတ် ၂၀၂၃ မှာ နောက်ဆုံးပြင်ဆင်မွမ်းမံထားပါတယ်။

နိဒါန်း

ဤ ကိုယ်ရေးအချက်အလက်မူဝါဒသည် ဝန်ဆောင်မှုများရယူသုံးစွဲစဉ် လူကြီးမင်း၏ သတင်း အချက်အလက်များကို စုဆောင်းရယူမှုလုပ်ငန်းစဉ်များ၊ အသုံးပြုမှုများနှင့် ဖော်ထုတ်ပြသမှုဆိုင်ရာ ကျွန်ုပ်တို့၏မူဝါဒများနှင့်လုပ်ငန်းစဉ်များကို ရှင်းလင်းဖော်ပြချက်ဖြစ်ပြီး လူကြီးမင်း၏ ကိုယ်ရေး အချက်အလက်ရပိုင်ခွင့်များအကြောင်းနှင့် ဥပဒေကမည်သို့ကာကွယ်ပေးသည်ကို ဖော်ပြထားပါသည်။

ကျွန်ုပ်တို့သည် ဝန်ဆောင်မှုပေးရန်နှင့် ပိုမိုကောင်းမွန်စေရန်အတွက် လူကြီးမင်း၏ ကိုယ်ရေး အချက်အလက်များကို အသုံးပြုပါသည်။ ဤဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် ကိုယ်ရေး အချက်အလက်မူဝါဒနှင့်အညီ လူကြီးမင်း၏အချက်အလက်များကို ကောက်ယူစုဆောင်းခြင်းနှင့် အသုံးပြုခြင်းကို သဘောတူညီရာ ရောက်ပါသည်။

#လိုတိုရှင်း

ဝက်ဘ်ဆိုက်သုံးစဉ် ပိုချောမွေ့ဖို့နဲ့ သုံးစွဲသူရဲ့ ကိုယ်ရေးအချက်အလက် ရပိုင်ခွင့်တွေကို ဥပဒေနဲ့အညီ အကာအကွယ်ပေးထားတယ်။ ဝက်ဘ်ဆိုက်ကို ကြည့်ရှုသုံးစွဲပြီဆိုတာနဲ့ ဒီကိုယ်ရေးအချက်အလက်မူဝါဒကို ဖတ်ရှုလက်ခံတယ်လို့ ယူဆပါမယ်။

၁။ အနက်အဓိပ္ပါယ်များ

အနက်
ဤကိုယ်ရေးအချက်အလက်မူဝါဒမှ စကားလုံးများကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ အောက်ပါအဓိပ္ပါယ်ဖွင့်ဆိုချက်များသည် အနည်းကိန်းဖြစ်စေ အများကိန်းဖြစ်စေ ဖွင့်ဆိုပုံတူညီပါသည်။

အဓိပ္ပါယ်များ
ဤ ကိုယ်ရေးအချက်အလက် မူဝါဒ၏ ရည်ရွယ်သည်များမှာ -

  • ကွတ်ကီးများ (Cookies) ဆိုသည်မှာ လူကြီးမင်း၏ ကွန်ပျူတာ၊ မိုဘိုင်းကိရိယာ သို့မဟုတ် အခြား ကိရိယာများတွင် ဝက်ဘ်ဆိုက်မှသိမ်းဆည်းသည့်ဖိုင်ငယ်လေးများဖြစ်ပြီး ၎င်းဝက်ဘ်ဆိုက်ကို ဝင်ကြည့်သည့်မှတ်တမ်းအသေးစိတ်များ အပါအဝင်  အခြားအသုံးပြုမှုများလည်း ပါဝင်သည်။

  • ကိရိယာ (Device) ဆိုသည်မှာ ဝန်ဆောင်မှုရယူနိုင်သည့် ကွန်ပျူတာ၊ ဆဲလ်ဖုန်း သို့မဟုတ် ဒစ်ဂျစ်တယ် တက်ဘလက် စသည့် မည်သည့်ကိရိယာကိုမဆို ဆိုလိုသည်။

  • ကိုယ်ရေးအချက်အလက် (Personal Data) ဆိုသည်မှာ မည်သူမည်ဝါ ကွဲပြားသည့် သို့မဟုတ် ခွဲခြားနိုင်သည့် လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့်ဆိုင်သော မည်သည့်သတင်းအချက်အလက်ကိုမဆို ဆိုလိုသည်။

  • တတိယပါဝင်သူ လူမှုမီဒီယာဝန်ဆောင်မှု (Third-party Social Media Service) ဆိုသည်မှာ ဝန်ဆောင်မှုရယူရန် အသုံးပြုသူမှ log in ပြုလုပ်ရာ၌ သို့မဟုတ် အကောင့် (account) ဖန်တီးရာ၌ သုံးနိုင်သည့် မည်သည့်ဝက်ဘ်ဆိုက် သို့မဟုတ် လူမှုကွန်ရက်ဝက်ဘ်ဆိုက်မဆို ပါဝင်သည်။
    နိုင်ငံ (Country) ဆိုသည်မှာ မြန်မာ ကို ရည်ညွှန်းသည်။

  • လူကြီးမင်း ဆိုသည်မှာ ဝန်ဆောင်မှုရယူ သို့မဟုတ် အသုံးပြုသည့် လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်း သို့မဟုတ် ထိုသို့ဝန်ဆောင်မှုရယူအသုံးပြုသူ လူပုဂ္ဂိုလ်တစ်ဦးကို ဥပဒေအရ ကိုယ်စားပြုသည့် အစုအဖွဲ့ နှင့် အခြားသက်ဆိုင်သမျှကို ဆိုလိုသည်။

  • ဝက်ဘ်ဆိုက် (Website) ဆိုသည်မှာ https://www.cencs.org/ တွင် အသုံးပြုနိုင်သည့် Myanmar Centre for Civil Society ကို ရည်ညွှန်းသည်။

  • ဝန်ဆောင်မှု (Service) ဆိုသည်မှာ ဤဝက်ဘ်ဆိုက်ကို ဆိုလိုသည်။

  • ဝန်ဆောင်မှု ပေးအပ်သူ (Service Provider) ဆိုသည်မှာ အဖွဲ့အစည်းကိုယ်စား အချက်အလက်များ လုပ်ကိုင်စီစဉ်ပေးသည့် သာမာန်ပုဂ္ဂိုလ် သို့မဟုတ် ဥပဒေဆိုင်ရာပုဂ္ဂိုလ်ကို ဆိုလိုသည်။ အဖွဲ့အစည်းကိုယ်စား ဝန်ဆောင်မှုပေးရန်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ လုပ်ကိုင် ဆောင်ရွက်ရန် သို့မဟုတ် ဝန်ဆောင်မှုကိုမည်သို့အသုံးပြုသည်ကိုဆန်းစစ်ခြင်းဖြင့် အဖွဲ့အစည်းကို အထောက်အကူပြုရန် အဖွဲ့အစည်းမှခန့်အပ်သော တတိယပါဝင်သူအဖွဲ့အစည်းများ သို့မဟုတ် တစ်သီးပုဂ္ဂလများကို ရည်ညွှန်းသည်။

  • သုံးစွဲမှုအချက်အလက် (Usage Data) ဆိုသည်မှာ ဝန်ဆောင်မှုသုံးရာမှ သို့မဟုတ် ဝန်ဆောင်မှု အခြေခံအဆောက်အအုံကိုယ်တိုင်မှ ထွက်လာသော အလိုအလျောက်သိမ်းထားသည့် အချက်အလက်များ ဖြစ်သည် (ဥပမာ - စာမျက်နှာတစ်ခုကို ဝင်ကြည့်သည့် ကြာမြင့်ချိန်)။

  • အကောင့် (Account) ဆိုသည်မှာ ကျွန်ုပ်တို့၏ဝန်ဆောင်မှု သို့မဟုတ် ဝန်ဆောင်မှု တစ်စိတ်တစ်ပိုင်းကို သုံးစွဲနိုင်ရန် လူကြီးမင်းအတွက် သီးသန့်တည်ဆောက်ပေးထားသော အကောင့် (Account) ကို ဆိုလိုသည်။

  • အဖွဲ့အစည်း (Organisation) ဆိုသည်မှာ (ဤသဘောတူချက်တွင် “ကျွန်ုပ်”၊ “ကျွန်ုပ်တို့ကို”၊ “ကျွန်ုပ်တို့၏” ဟူ၍ တစ်နည်းနည်းဖြင့် ရည်ညွှန်းသုံးနှုန်းထားသည်) Myanmar Centre for Civil Society ကို ရည်ညွှန်းသည်။

#လိုတိုရှင်း

ဆက်ဖတ်ရမယ့် မူဝါဒထဲမှာ သုံးထားတဲ့ စကားလုံးတွေကို ဖွင့်ဆိုရှင်းပြထားတာပါ။

၂။ သင့်ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းနှင့် အသုံးပြုခြင်း

၂.၁။ ကောက်ယူသည့် အချက်အလက် အမျိုးအစားများ

၂.၁.၁။ ကိုယ်ရေးအချက်အလက်

ဤဝန်ဆောင်မှုကို အသုံးပြုစဉ် လူကြီးမင်းကို ဆက်သွယ်ရန်နှင့် တစ်ဦးချင်းခွဲခြားသိမှတ်နိုင်ရန်အတွက် သတင်းအချက်အလက်များပေးရန် တောင်းခံနိုင်ပါသည်။ အသုံးပြုသူတစ်ဦးချင်းစီကို ခွဲခြားသိမှတ်ရန် တောင်းခံမည့် ကိုယ်ရေးအချက်အလက်များတွင် အောက်ပါတို့ပါဝင်ပြီး ယခုထက်လည်း ပိုနိုင်ပါသည်။

  • အီးမေးလ်လိပ်စာ

  • အမည်

  • သုံးစွဲမှုအချက်အလက်

၂.၁.၂။ သုံးစွဲမှု အချက်အလက်
ဤဝန်ဆောင်မှု အသုံးပြုနေစဉ် လူကြီးမင်း၏ သုံးစွဲမှုအချက်အလက်ကို အလိုအလျောက် ကောက်ယူပါသည်။

သုံးစွဲမှုအချက်အလက်တွင် လူကြီးမင်းအသုံးပြုသော ကိရိယာ၏အင်တာနက်ပရိုတိုကောလိပ်စာ (Internet Protocol Address)၊ ဥပမာအားဖြင့် အိုင်ပီလိပ်စာ (IP Address)၊ ဘရောက်ဇာ (Browser) အမျိုးအစား၊ ဘရောက်ဇာဗားရှင်း (Browser Version)၊ ဝန်ဆောင်မှုအတွင်း ကြည့်ရှုသည့် စာမျက်နှာများနှင့် ကြာချိန်၊ အချိန်နှင့်ရက်စွဲ၊ အသုံးပြုသည့်ကိရိယာခွဲခြားသတ်မှတ်မှုနှင့် အခြား ယိုယွင်းချက်ရှာ အချက်အလက်တို့ ပါဝင်သည်။

ဤဝန်ဆောင်မှုကို မိုဘိုင်းကိရိယာမှတစ်ဆင့် အသုံးပြုစဉ် သုံးစွဲသော မိုဘိုင်းအမျိုးအစား၊ ၎င်းကိရိယာ၏ ကိုယ်ပိုင်အမှတ်အသား၊ ၎င်း၏အိုင်ပီလိပ်စာ (IP Address)၊ လုပ်ဆောင်မှုစနစ် (Operating System)၊ သုံးသော မိုဘိုင်း အင်တာနက်ဘရောက်ဇာ၊ ကိရိယာ ခွဲခြားမှတ်သားမှုနှင့် အခြားယိုယွင်းချက်ရှာ အချက်အလက်များကို အလိုအလျောက်ကောက်ယူမည် ဖြစ်ပြီး ဖော်ပြထားသည်ထက်လည်း ပိုများနိုင်သည်။

ဤဝန်ဆောင်မှုကို ရယူကြည့်ရှုချိန်တိုင်း လူကြီးမင်း၏ ဘရောက်ဇာ (Browser) သို့မဟုတ် မိုဘိုင်းကိရိယာမှ ပေးပို့သည့် သတင်းအချက်အလက်များကိုလည်း ကောက်ယူကောင်း ကောက်ယူနိုင်ပါသည်။

၂.၁.၃။ ပြင်ပ လူမှုမီဒီယာဝန်ဆောင်မှုများမှ သတင်းအချက်အလက်များ
ကျွန်ုပ်တို့ဝန်ဆောင်မှုအားအသုံးပြုရန် အကောင့်ဖွင့်လှစ်ခြင်း နှင့် Log In ပြုလုပ်ရန် အောက်ပါ ပြင်ပ လူမှုမီဒီယာ ဝန်ဆောင်မှုများကို အသုံးပြုခွင့်ပေးအပ်ပါသည်။

  • Google

  • Facebook

  • Twitter

  • LinkedIn


လူကြီးမင်းသည် မှတ်ပုံတင်ရန်ဆုံးဖြတ်ခဲ့လျှင် သို့မဟုတ် ပြင်ပလူမှုမီဒီယာဝန်ဆောင်မှုတစ်ခုခုကို ခွင့်ပြုပေးခဲ့လျှင် လူကြီးမင်း၏ နာမည်၊ အီးမေးလ်လိပ်စာနှင့် လုပ်ဆောင်ချက်များ သို့မဟုတ် လူကြီးမင်း၏လူမှုမီဒီယာအကောင့်နှင့် ချိတ်ဆက်ထားသည့် အဆက်အသွယ်စာရင်းစသည့် ၎င်းနှင့်ဆက်နွယ်သည့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ကောက်ယူနိုင်ပါသည်။

လူကြီးမင်း၏ ပြင်ပလူမှုမီဒီယာဝန်ဆောင်မှုအကောင့်မှတစ်ဆင့် ထပ်ပေါင်း သတင်း အချက်အလက်များကို ကျွန်ုပ်တို့နှင့်မျှဝေသည့် ရွေးချယ်ခွင့်လည်း ရှိနိုင်ပါသည်။ အချက်အလက်များနှင့် ကိုယ်ရေးအချက်အလက်များပေးရန် မှတ်ပုံတင်သည့်အဆင့် သို့မဟုတ် အခြားတနည်းနည်းဖြင့် လူကြီးမင်းရွေးချယ်ခဲ့ပါက ကျွန်ုပ်တို့မှ ထိုအချက်အလက်များကို အသုံးပြုခြင်း၊ မျှဝေခြင်းနှင့် သိမ်းဆည်းခြင်းတို့ကို ဤကိုယ်ရေးအချက်အလက်မူဝါဒနှင့်အညီ လူကြီးမင်းအနေဖြင့် ခွင့်ပြုပေးခြင်း ဖြစ်သည်။

၂.၁.၄။ နည်းပညာ နှင့် ကွတ်ကီးခြေရာခံခြင်း
ကျွန်ုပ်တို့၏ဝန်ဆောင်မှုနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များကိုခြေရာခံရန်နှင့် သတင်းအချက်အလက် အချို့ကို သိမ်းဆည်းရန် ကွတ်ကီးနှင့် အခြားအလားတူခြေရာခံနည်းပညာများကို ကျွန်ုပ်တို့ အသုံးပြုပါသည်။ ဝန်ဆောင်မှု တိုးတက်ကောင်းမွန်စေရန်နှင့် ဆန်းစစ်လေ့လာရန် သတင်း အချက်အလက် ကောက်ယူ၊ ခြေရာခံရာတွင် အသုံးပြုသည့် နည်းပညာများမှာ beacons၊ tags နှင့် scripts တို့ဖြစ်ပါသည်။ ကျွန်ုပ်တို့ အသုံးပြုသည့် နည်းပညာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။

  • ကွတ်ကီးများ သို့မဟုတ် ဘရောက်ဇာ ကွတ်ကီးများ- ကွတ်ကီးတစ်ခုဆိုသည်မှာ လူကြီးမင်း၏ကိရိယာတွင်ထားသိုသည့် ဖိုင်ငယ်တစ်ခုဖြစ်သည်။ ကွတ်ကီးများအားလုံးကို ငြင်းပယ်ရန်  သို့မဟုတ် ကွတ်ကီးတစ်ခု  ပို့လွှတ်လိုက်တိုင်းညွှန်ပြရန် လူကြီးမင်း၏ ဘရောက်ဇာကို ညွှန်ကြားထားနိုင်သည်။ သို့ရာတွင် ကွတ်ကီးများကိုလက်ခံမထားပါက ကျွန်ုပ်တို့၏ ဝန်ဆောင်မှုမှ အချို့အစိတ်အပိုင်းများကို အသုံးပြုနိုင်မည်မဟုတ်ပါ။ ကွတ်ကီးများကိုငြင်းပယ်ရန် လူကြီးမင်း၏ဘရောက်ဇာကို ချိန်ညှိပြင်ဆင်မှုမလုပ်ထားလျှင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုမှ ကွတ်ကီးများကို အသုံးပြုနိုင်ပါသည်။

  • Web Beacon များ - ကျွန်ုပ်တို့ဝန်ဆောင်မှုနှင့်အီးမေးလ်များ၏ အချို့ကဏ္ဍများသည် web beacons ဟုခေါ်သော (clear gifs pixel tags နှင့် single-pixel gifs ဟုလည်း ရည်ညွှန်းလေ့ရှိသည့်) သေးငယ်သော အီလက်ထရောနစ်ဖိုင်များ ပါဝင်နိုင်ပါသည်။ ထိုဖိုင်များသည် ဝက်ဘ်ဆိုက်စာမျက်နှာများကို လာရောက်အသုံးပြုသူ သို့မဟုတ် အီးမေးလ်ကို ဖွင့်ကြည့်သူ အရေအတွက်၊ အခြားဝက်ဘ်ဆိုက်စာရင်းအင်း (ဥပမာ - ကဏ္ဍတစ်ခု၏လူသိများမှုကို မှတ်တမ်းယူရန်နှင့် စနစ်နှင့်ဆာဗာ ကောင်းမွန်မှုစစ်ဆေးအတည်ပြုရန်) နှင့် ဆက်စပ်သည်များ တွက်ချက်ရန် အဖွဲ့အစည်းကိုအသုံးပြုခွင့်ပေးအပ်ခြင်းဖြစ်ပါသည်။

 

ကွတ်ကီးများသည် “ကြာရှည်ခံ(Persistent)” သို့မဟုတ် “အပိုင်းလိုက်(Session)” ဖြစ်နိုင်ပါသည်။

ကြာရှည်ခံကွတ်ကီးများသည် လူကြီးမင်း၏ တစ်ကိုယ်ရေသုံးကွန်ပျူတာ သို့မဟုတ် မိုဘိုင်းကိရိယာတွင် offline ဖြစ်သွားသော်လည်း ကျန်ရှိနိုင်ပါသည်။ အပိုင်းလိုက်ကွတ်ကီးများကိုမူ လူကြီးမင်း ဘရောက်ဇာကို ပိတ်လိုက်သည်နှင့် ဖျက်ပစ်ပါသည်။

ကျွန်ုပ်တို့သည် ကြာရှည်ခံနှင့် အပိုင်းလိုက် ကွတ်ကီးနှစ်မျိုးလုံးကို အောက်တွင် ဖော်ပြထားသည့် ရည်ရွယ်များအတွက် အသုံးပြုပါသည်။

  • လိုအပ်သော/မရှိမဖြစ် ကွတ်ကီးများ (အမျိုးအစား- အပိုင်းလိုက်ကွတ်ကီးများ၊ စီမံအုပ်ချုပ်သူ - ကျွန်ုပ်တို့) ရည်ရွယ်ချက် - ၎င်းကွတ်ကီးများသည် ဝက်ဘ်ဆိုက်မှဝန်ဆောင်မှုပေးရန်နှင့် ၎င်း၏ လုပ်ဆောင်ချက်များကို သင်အသုံးပြုနိုင်ရန်အတွက် မရှိ၍ မဖြစ်ပါ။ ၎င်းတို့သည် အသုံးပြုသူများကို စစ်ဆေးအတည်ပြုခြင်းနှင့် အသုံးပြုသူအကောင့်များကို မသမာမှုမှ ကာကွယ်ရန် ကူညီပေးပါသည်။ ၎င်းကွတ်ကီးများမရှိလျှင် သင်တောင်းဆိုသည့်ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ၎င်းကွတ်ကီးများကို သင့်အတွက် ဝန်ဆောင်မှုပေးရန်သာ အသုံးပြုပါသည်။

  • ကွတ်ကီးမူဝါဒ/အသိပေးလက်ခံမှု ကွတ်ကီးများ (အမျိုးအစား - ကြာရှည်ခံကွတ်ကီးများ၊ စီမံအုပ်ချုပ်သူ - ကျွန်ုပ်တို့) ရည်ရွယ်ချက် - ၎င်းကွတ်ကီးများသည် website တွင် ကွတ်ကီးများသုံးခြင်းကို အသုံးပြုသူများမှလက်ခံမှုရှိမရှိ ခွဲခြားသတ်မှတ်ပေးသည်။

  • လုပ်ဆောင်နိုင်မှု ကွတ်ကီးများ (အမျိုးအစား - ကြာရှည်ခံကွတ်ကီးများ၊ စီမံအုပ်ချုပ်သူ - ကျွန်ုပ်တို့) ရည်ရွယ်ချက် - ဝက်ဘ်ဆိုက်အသုံးပြုစဉ် လူကြီးမင်း၏ log-in အသေးစိတ်အချက်အလက်များ သို့မဟုတ် ဘာသာစကားရည်ညွှန်းချက်များကို မှတ်သားနိုင်ရန်စသည့် လူကြီးမင်း၏ ရွေးချယ်မှုများကိုမှတ်သားနိုင်ရန် ၎င်းကွတ်ကီးများကိုအသုံးပြုသည်။ ဤကွတ်ကီးများ၏ ရည်ရွယ်ချက်သည် လူကြီးမင်းအတွက်ပုဂ္ဂလိကပါဝင်တွေ့ကြုံမှုပိုမိုရရှိစေရန်နှင့် ဝက်ဘ်ဆိုက်သုံးစဉ်တိုင်း သင့်ရည်ညွှန်းချက်များ ပြန်ထည့်သွင်းရခြင်းမှ ရှောင်ကြဉ်နိုင်ရန်ဖြစ်သည်။

၂.၂။ လူကြီးမင်းကိုယ်ရေးအချက်အလက်များကို အသုံးပြုမှု
 

အဖွဲ့အစည်းသည် လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။

  • ကျွန်ုပ်တို့၏ ဝန်ဆောင်မှုပေးအပ်ရန်နှင့် ထိန်းသိမ်းထားရန် - ကျွန်ုပ်တို့၏ ဝန်ဆောင်မှု အသုံးပြုမှုကို စောင့်ကြည့်ရန်ပါဝင်သည်။

  • လူကြီးမင်း account ကို စီမံခန့်ခွဲရန် - ဝန်ဆောင်မှုအသုံးပြုသူတစ်ယောက်အနေဖြင့် မှတ်ပုံတင်ခြင်းကို စီမံခန့်ခွဲရန်၊ မှတ်ပုံတင်ထားသည့်အသုံးပြုသူအဖြစ်ရရှိနိုင်သော ဝန်ဆောင်မှု၏ မတူညီသည့်လုပ်ဆောင်နိုင်ချက်များရရှိရန် လူကြီးမင်းပေးသော ကိုယ်ရေးအချက်အလက်များမှ ရယူခွင့်ပေးနိုင်ပါသည်။

  • လူကြီးမင်းကို ဆက်သွယ်ရန် - လုံခြုံရေးအသစ်မွမ်းမံမှုများအပါအဝင် အကောင်အထည်ဖော်ရန် လိုအပ်သည့်အချိန် သို့မဟုတ် အကြောင်းပေါ်ပေါက်လျှင် အသစ်မွမ်းမံမှုများ သို့မဟုတ် လုပ်ဆောင်ချက်နှင့်ပတ်သက်သည့် သတင်းအချက်အလက်ပေး ဆက်သွယ်ချက်များ၊ ထုတ်ကုန်များ သို့မဟုတ် စာချုပ်ပါဝန်ဆောင်မှုများကိုအသိပေးရန် အီးမေးလ်၊ တယ်လီဖုန်း ခေါ်ဆိုမှု သို့မဟုတ် မိုဘိုင်းအက်ပ်မှ အသိပေးချက်ကဲ့သို့ အလားတူ အီလက်ထရောနစ် ဆက်သွယ်မှုပုံစံများဖြင့် ဆက်သွယ်ရန်။

  • လူကြီးမင်းကို ပေးအပ်ရန် - လူကြီးမင်းရယူခြင်းမပြုဟု ရွေးချယ်ထားခြင်းမရှိပါက လူကြီးမင်း ဝယ်ယူထားသည့် သို့မဟုတ် စုံစမ်းမေးမြန်းထားသည့် အခြားကုန်စည်များ၊ ဝန်ဆောင်မှုများနှင့် အခမ်းအနားများနှင့်အလားတူ ကျွန်ုပ်တို့၏ကမ်းလှမ်းချက်များနှင့်သက်ဆိုင်သည့်သတင်းများ၊ အထူးကမ်းလှမ်းချက်များနှင့် အထွေထွေသတင်းအချက်အလက်များ ပေးအပ်ရန်။

  • တောင်းဆိုချက်များကို စီမံခန့်ခွဲရန် - ကျွန်ုပ်တို့ထံ လူကြီးမင်းထံမှတောင်းဆိုချက်များကို ဖြေရှင်း၊ စီမံခန့်ခွဲရန်။

  • လုပ်ငန်းလွှဲပြောင်းခြင်း - ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအားလုံးကို သို့မဟုတ် အစိတ်အပိုင်းအချို့ကို ဒေဝါလီခံခြင်းနှင့်သက်ဆိုင်၍သော်လည်းကောင်း၊ ဒေဝါလီခံခြင်း၏ အစိတ်အပိုင်းအဖြစ်သော် လည်းကောင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် အလားတူလုပ်ဆောင်ခြင်းတို့အတွက် အကဲဖြတ်ရန် သို့မဟုတ်၊ ပူးပေါင်းရန်လုပ်ဆောင်ခြင်း၊ လက်အောက်ခံလုပ်ငန်းရောင်းချခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပြန်လည်ဖွဲ့စည်းခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် အခြားသောရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းခြင်းတို့ ပြုလုပ်ရန် လွှဲပြောင်းပေးမည့် ပိုင်ဆိုင်မှုများမှ ကျွန်ုပ်တို့ထိန်းသိမ်းထားသည့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုကို အသုံးပြုသူလူကြီးမင်း၏ သတင်းအချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။

  • အခြားရည်ရွယ်ချက်များအတွက် - အချက်အလက်ဆန်းစစ်မှု၊ အသုံးပြုမှုလားရာခွဲခြားသတ်မှတ်မှု၊ အသိပေးမြှင့်တင်မှု၊ စည်းရုံးလှုံ့ဆော်မှုများ၏ထိရောက်မှုတို့ကိုဆုံးဖြတ်ရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု၊ ထုတ်ကုန်၊ အရောင်းမြှင့်တင်မှုနှင့် လူကြီးမင်းပါဝင်တွေ့ကြုံမှုကို အကဲဖြတ်ရန်နှင့် တိုးတက်ကောင်းမွန်စေရန်တို့ကဲ့သို့သော အခြားရည်ရွယ်ချက်များအတွက် လူကြီးမင်း၏ အချက်အလက်များကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။


အောက်ပါအခြေအနေများတွင် သင့်ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ဖြန့်ဝေမှု ပြုကောင်း ပြုနိုင်ပါသည်။
 

  • ဝန်ဆောင်မှုပေးသူများ - ကျွန်ုပ်တို့၏ဝန်ဆောင်မှုကိုအသုံးပြုမှုအားစောင့်ကြည်ရန်နှင့် ဆန်းစစ်ရန် ဝန်ဆောင်မှုပေးသူများကို လူကြီးမင်း၏ပုဂ္ဂိုလ်ရေးအချက်အလက်များ ဖြန့်ဝေနိုင်ပါသည်။

  • ဆက်စပ်သူများ - ကျွန်ုပ်တို့သည် ဤကိုယ်ရေးအချက်အလက်မူဝါဒကို လေးစားလိုက်နာမည့် ကျွန်ုပ်တို့နှင့်ဆက်စပ်သူများကို လူကြီးမင်း၏အချက်အလက်များ ဝေမျှနိုင်ပါသည်။ ဆက်စပ်သူများဟုဆိုရာတွင် ကျွန်ုပ်တို့၏မိခင်အဖွဲ့အစည်း၊ အခြားလက်အောက်ခံများ၊ ဖက်စပ်ပါဝင်သူများ သို့မဟုတ် ကျွန်ုပ်တို့ထိန်းချုပ်သည့် သို့မဟုတ် ကျွန်ုပ်တို့နှင့် ဘုံထိန်းချုပ်မှု အောက်တွင်အတူရှိသည့် အခြားအဖွဲ့အစည်းများ ပါဝင်ပါသည်။

  • အခြားမိတ်ဖက်လုပ်ငန်းများ - လူကြီးမင်းကို အချို့ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ သို့မဟုတ် အရောင်းမြှင့်တင်မှုများကမ်းလှမ်းရန် ကျွန်ုပ်တို့၏မိတ်ဖက်လုပ်ငန်းများထံသို့ လူကြီးမင်း၏ အချက်အလက်များ ဖြန့်ဝေနိုင်ပါသည်။

  • အခြားအသုံးပြုသူများ - လူကြီးမင်းကိုယ်ရေးအချက်အလက်များကို မျှဝေသောအခါ သို့မဟုတ် အများဆိုင်နေရာများတွင် အခြားအသုံးပြုသူများနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံသောအခါ အခြားအသုံးပြုသူများမှ လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို တွေ့မြင်နိုင်ပြီး အများသိမြင်နိုင်ရန် ဖြန့်ဝေပြီးဖြစ်နိုင်ပါသည်။ အခြားအသုံးပြုသူများနှင့် သို့မဟုတ် ပြင်ပ လူမှုမီဒီယာဝန်ဆောင်မှုများနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံလျှင် ပြင်ပလူမှုမီဒီယာဝန်ဆောင်မှုမှ လူကြီးမင်းအဆက်အသွယ်ပြုသူများသည် လူကြီးမင်းအမည်၊ ကိုယ်ရေးအကျဉ်း၊ ပုံရိပ်များနှင့် လုပ်ဆောင်ချက်များနှင့် ဖော်ပြချက်များကို တွေ့မြင်နိုင်ပါသည်။

  • လူကြီးမင်းသဘောတူညီချက်ဖြင့် - အခြားမည်သည့်ရည်ရွယ်ချက်အတွက်မဆို လူကြီးမင်း သဘောတူညီချက်ဖြင့် လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ဖော်ပြနိုင်ပါသည်။

၂.၃။ လူကြီးမင်းကိုယ်ရေးအချက်အလက်များ လက်ဝယ်ထိန်းသိမ်းထားမှု


ဤကိုယ်ရေးအချက်အလက်မူဝါဒတွင် သတ်မှတ်ထားသည့် ရည်ရွယ်ချက်များအတွက် လိုအပ်သမျှ ကာလအတွက်သာ လူကြီးမင်းကိုယ်ရေးအချက်အလက်များကို အဖွဲ့အစည်းက လက်ဝယ်ထိန်းသိမ်း ထားပါမည်။ ကျွန်ုပ်တို့၏ဥပဒေဆိုင်ရာလိုက်နာမှုများ (ဥပမာ-သက်ဆိုင်ရာဥပဒေကိုလိုက်နာရန်အတွက် လူကြီးမင်း၏အချက်အလက်များကို ထိန်းသိမ်းထားရန်လိုအပ်လျှင်)၊ အငြင်းပွားမှုများကိုဖြေရှင်းရန်နှင့် ကျွန်ုပ်တို့၏ဥပဒေရေးရာသဘောတူညီချက်များနှင့်မူဝါဒများကို အားကောင်းစေရန်တို့အတွက် လိုအပ်သည့်အတိုင်းအတာအထိ လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ထိန်းသိမ်း၊ အသုံးပြုပါမည်။


အဖွဲ့အစည်းသည် သုံးစွဲမှုအချက်အလက်များကိုလည်း ဆန်းစစ်လေ့လာရန် ရည်ရွယ်ချက်ဖြင့် ထိန်းသိမ်းထားပါမည်။ လုံခြုံရေးအားကောင်းစေရန် သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို တိုးတက်စေရန် သို့မဟုတ် ၎င်းအချက်အလက်များကို ပိုမိုရှည်ကြာသော ကာလအတိုင်းအတာထိ ထိန်းသိမ်းထားရန် ဥပဒေအရတာဝန်ရှိ၍ ၎င်းအချက်အလက်များကို အသုံးပြုရသည့်အချိန်မှအပ အသုံးချမှု အချက်အလက်များကို တိုတောင်းသောကာလအတိုင်းအတာထိသာ ယေဘုယျအားဖြင့် ထိန်းသိမ်းထားပါသည်။


၂.၄။ လူကြီးမင်းကိုယ်ရေးအချက်အလက်များကို လွှဲပြောင်းခြင်း


လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်အပါအဝင် အချက်အလက်များကို အဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်သည့် ရုံးခန်းများနှင့် လုပ်ငန်းစဉ်တွင်ပါဝင်သည့် ပါဝင်သူများတည်ရှိသည့် အခြားမည်သည့် နေရာတွင်မဆို ကိုင်တွယ်ဆောင်ရွက်ပါသည်။ ဆိုလိုသည်မှာ ဤအချက်အလက်များကို လူကြီးမင်း တရားစီရင်ပိုင်ခွင့်နှင့်မတူညီ၍ အချက်အလက်ကာကွယ်ရေးဥပ‌ဒေမတူညီသည့် လူကြီးမင်းနေထိုင်ရာ ပြည်နယ်၊ တိုင်း၊ နိုင်ငံ သို့မဟုတ် အခြားအုပ်ချုပ်ရေးဆိုင်ရာတရားစီရင်ပိုင်ခွင့်ရှိသောနေရာပြင်ပတွင် ထားရှိသည့် ကွန်ပျူတာတွင် လွှဲပြောင်းခြင်း၊ ထိန်းသိမ်းခြင်းများ ပြုလုပ်ထားနိုင်ပါသည်။


၎င်းအချက်အလက်များကိုတင်သွင်း၍ ဤကိုယ်ရေးအချက်အလက်မူဝါဒကို သဘောတူညီမှုသည် ဤလွှဲပြောင်းမှုများကို သဘောတူညီမှုအဖြစ်မှတ်ယူသည်။


အဖွဲ့အစည်းသည် လူကြီးမင်း၏အချက်အလက်များ လုံခြုံစွာကိုင်တွယ်သည်မှာ သေချာစေရန်  ဤကိုယ်ရေးအချက်အလက်မူဝါဒနှင့်အညီ လိုအပ်သမျှအဆင့်တိုင်းကို လုပ်ဆောင်မည်ဖြစ်ပြီး လူကြီးမင်း၏အချက်အလက်နှင့် အခြားကိုယ်ရေးအချက်အလက်များ၏ လုံခြုံရေးအပါအဝင် လုံလောက်သောထိန်းချုပ်နိုင်မှုမရှိလျှင် အဖွဲ့အစည်း သို့မဟုတ် နိုင်ငံတစ်ခုသို့ လွှဲပြောင်းမှု မပြုပါ။


၂.၅။ လူကြီးမင်းကိုယ်ရေးအချက်အလက်များကို ဖယ်ရှားခြင်း


ကျွန်ုပ်တို့ကောက်ယူထားသော လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို ဖယ်ရှားခွင့် သို့မဟုတ် ဖယ်ရှားပေးရန် ကျွန်ုပ်တို့ကိုတောင်းဆိုခွင့်ရှိပါသည်။


ကျွန်ုပ်တို့၏ဝန်ဆောင်မှုတွင် လူကြီးမင်းအကြောင်း သတင်းအချက်အလက်အချို့ကို ဖယ်ရှားရန် လုပ်ဆောင်နိုင်ခွင့် ပေးအပ်ထားနိုင်ပါသည်။


လူကြီးမင်းတွင် အကောင့်တစ်ခုရှိမည်ဆိုပါက မည်သည့်အချိန်တွင်မဆို လူကြီးမင်းအကောင့်ကို sign in ပြုလုပ်၍ လူကြီးမင်း၏အချက်အလက်များကို မွမ်းမံခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ဖယ်ရှားခြင်း ပြုလုပ်နိုင်ပါသည်။ အကောင့်ချိန်ညှိပြင်ဆင်ခြင်းကဏ္ဍတွင် လူကြီးမင်းကိုယ်ရေးအချက်အလက်များကို စီမံခန့်ခွဲ ခွင့်ပြုထားပါသည်။ လူကြီးမင်းပေးအပ်ထားသည့် ကိုယ်ရေးအချက်အလက်များကို အမှားပြင်ဆင်ရန် သို့မဟုတ် ဖယ်ရှားရန် ကျွန်ုပ်တို့ကို ဆက်သွယ်တောင်းဆိုနိုင်ပါသည်။

 

အထူးသတိပြုရန်မှာ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးမှု သို့မဟုတ် (ကိုယ်ရေး အချက်အလက်များ ကိုင်တွယ်ဆောင်ရွက်ခြင်းအခြေအနေနှင့်ပတ်သက်သည့်) ဥပဒေရှုထောင့်အရ  အချို့ သတင်းအချက်အလက်များကို ထိန်းသိမ်းထားရန် လိုအပ်နိုင်ပါသည်။


၂.၆။ လူကြီးမင်းကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်ခြင်း


၂.၆.၁။ လုပ်ငန်းလွှဲပြောင်းခြင်း

အကယ်၍ အဖွဲ့အစည်းပူးပေါင်းခြင်း၊ ပိုင်ဆိုင်ခွင့်ပြုခြင်း သို့မဟုတ် ပိုင်ဆိုင်မှုရောင်းချခြင်းများတွင် ပါဝင်ခဲ့လျှင် လူကြီးမင်းကိုယ်ရေးအချက်အလက်များကို လွှဲပြောင်းပေးခြင်း ပြုနိုင်ပါသည်။ လူကြီးမင်း ကိုယ်ရေးအချက်အလက်များ လွှဲပြောင်းခြင်းနှင့် မတူညီသော ကိုယ်ရေးအချက်အလက်မူဝါဒနှင့် ကြုံတွေ့ဖြေရှင်းရမည်ကို ကြိုတင်၍အသိပေးမည်ဖြစ်ပါသည်။

၂.၆.၂။ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ
အခြေအနေအချို့တွင် ဥပဒေလိုအပ်ချက်အရဖြစ်စေ အာဏာပိုင်များက တရားဝင်တောင်းဆို၍ ဖြစ်စေ (ဥပမာ - တရားရုံး သို့မဟုတ် အစိုးရကိုယ်စားလှယ်) အဖွဲ့အစည်းက လူကြီးမင်း၏ ကိုယ်ရေး အချက်အလက်များကို ဖော်ထုတ်ပေးရနိုင်ပါသည်။

၂.၆.အခြားဥပဒေ လိုအပ်ချက်များ
အဖွဲ့အစည်းသည် အောက်ပါတို့လုပ်ဆောင်ရန်လိုအပ်သည်ဟု ယုံကြည်ရပါက လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ဖော်ထုတ်နိုင်ပါသည်။ -

  • ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးခြင်း၊

  • အဖွဲ့အစည်း၏ ရပိုင်ခွင့်များ သို့မဟုတ် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်နှင့် ခုခံရန်၊

  • ဝန်ဆောင်မှုနှင့်ဆက်နွယ်၍ ဖြစ်နိုင်ချေရှိသော မှားယွင်းလုပ်ဆောင်မှုများကို ကာကွယ်ရန်နှင့် စုံစမ်းစစ်ဆေးရန်၊

  • ဝန်ဆောင်မှုကို အသုံးပြုသူ၏ တစ်ကိုယ်ရေ သို့မဟုတ် အများပြည်သူတို့၏ လုံခြုံမှုကို ကာကွယ်ရန်၊

  • ဥပဒေအရ တာဝန်ယူမှုကို ကာကွယ်ရန်။


၂.၇။ လူကြီးမင်းကိုယ်ရေးအချက်အလက်များ၏ လုံခြုံမှု


လူကြီးမင်းကိုယ်ရေးအချက်အလက်များ၏ လုံခြံမှုသည် ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ သို့ရာတွင် မည်သည့် အင်တာနက်မှ ပေးပို့ခြင်း သို့မဟုတ် မည်သည့်အီလက်ထရောနစ်သိမ်းဆည်းမှုမဆို ရာနှုန်းပြည့်လုံခြုံမှုမရှိသည်ကို နားလည်စေလိုပါသည်။ လူကြီးမင်း၏ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန် စီးပွားရေးအရ လက်ခံနိုင်စေရန် ကျွန်ုပ်တို့ကြိုးပမ်းနေသော်လည်း အလုံးစုံလုံခြုံရေးကိုမူ အာမ,မခံနိုင်ပါ။

#လိုတိုရှင်း

ဒီမူဝါဒမှာ စင်တာရဲ့ ကိုယ်ရေးအချက်အလက် လုံခြုံမှုနဲ့ ပတ်သက်တဲ့ ကျင့်သုံးဆောင်ရွက်မှုတွေကို ရှင်းပြထားတာပါ။ ဝက်ဘ်ဆိုက်သုံးသူတွေရဲ့ ဘယ်လိုကိုယ်ရေးအချက်အလက်တွေကို ကောက်ယူမယ်၊ ဘယ်လိုအသုံးပြုတယ်၊ ဘယ်လိုမျှဝေနိုင်တယ်၊ သုံးစွဲသူမှာ ဘယ်လိုအခွင့်အရေးတွေရှိတယ် ဆိုတာကို ဖော်ပြထားပါတယ်။

#လိုတိုရှင်း

ဝက်ဘ်ဆိုက်ကို ကြည့်ရှုသုံးစွဲသူဆီက ကိုယ်ရေးအချက်အလက်တွေကို ရတော့မှ ကြည့်ရှုသုံးစွဲနိုင်တာပါ။ ဝက်ဘ်ဆိုက်ဆီ ရောက်တာနဲ့ ကိုယ်ရေးအချက်အလက်တွေကို အလိုအလျောက် ကောက်ယူနေမှာပါ။

#လိုတိုရှင်း

ကောက်ယူထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို ဝန်ဆောင်မှုပေးနိုင်ဖို့နဲ့ ပိုမိုကောင်းမွန်လုံခြုံစေဖို့ပဲ အသုံးပြုပါတယ်။ ဒီလိုကောက်ယူထားတော့မှသာ ဝက်ဘ်ဆိုက်ကြည့်ရှုသုံးစွဲသူကို ပြန်ဆက်သွယ်တာတွေ လုပ်နိုင်မှာဖြစ်သလို လိုက်နာကျင့်သုံးထိုက်တဲ့ ဥပဒေတွေနဲ့ ညီညွတ်စေဖို့လည်း ရည်ရွယ်ပါတယ်။

#လိုတိုရှင်း

ကောက်ယူထားတဲ့ အချက်အလက်တွေကို ဝန်ဆောင်မှုပေးသူတွေက လုံခြုံအောင် ထိန်းသိမ်းထားမှာပါ။

#လိုတိုရှင်း

သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တတိယ ပါဝင်သူတွေ၊ ဝန်ဆောင်မှုပေးသူတွေ၊ ဥပဒေစိုးမိုးရေး သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေဆီကိုလည်း ဝေမျှပေးရတာ ဖြစ်နိုင်ပါတယ်။ ဝေမျှဖို့ လိုအပ်လာရင် ဒီမူဝါဒရဲ့ သတ်မှတ်ချက်ဘောင်ကို မကျော်စေဘဲ ဆောင်ရွက်မှာပါ။

#လိုတိုရှင်း

ကိုယ့်ရဲ့ အချက်အလက်တွေကို ကိုယ်တိုင် ပြန်လည်ပြင်ဆင်နိုင်သလို ဖယ်ရှားရှင်းလင်းပေးဖို့ တောင်းဆိုခွင့်လည်း ရှိပါတယ်။

#လိုတိုရှင်း

လုံခြုံမှုကို အလေးထားဆောင်ရွက်လျက် ရှိပေမယ့် အွန်လိုင်းပေါ်မှာ ရာနှုန်းပြည့်လုံခြုံမှု မရှိတတ်တာကို ကြိုတင်နားလည်ထားဖို့ လိုပါတယ်။

၃။ ကလေးသူငယ်များ၏ ကိုယ်ရေးအချက်အလက်

ကျွန်ုပ်တို့၏ဝန်ဆောင်မှုသည် အသက် ၁၃ နှစ်အောက် မည်သူ့ကိုမျှ ဝန်ဆောင်မှုမပေးပါ။ ကျွန်ုပ်တို့သည် အသက် ၁၃ နှစ်အောက် မည်သူ့ထံကမှ တစ်ကိုယ်ရေခွဲခြားသိမှတ်မှုပြုနိုင်သည့် သတင်း အချက်အလက်ကို သိသိနှင့်ကောက်ယူခြင်းမပြုပါ။ အကယ်၍ လူကြီးမင်းသည် မိဘ သို့မဟုတ် အုပ်ထိန်းသူတစ်ဦးဖြစ်၍ လူကြီးမင်း၏ကလေးက ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးခဲ့လျှင် ကျေးဇူးပြု၍ ဆက်သွယ်ပါ။ မိဘသဘောတူညီမှု စစ်ဆေးအတည်ပြုချက်မပါရှိဘဲ အသက် ၁၃ နှစ်အောက်ငယ်ရွယ်သူ မည်သူ့ထံမှမဆို ကိုယ်ရေးအချက်အလက်များ ကျွန်ုပ်တို့ကောက်ယူ ထားမိသည်ဟု သိသိချင်း ကျွန်ုပ်တို့၏ဆာဗာများမှ ၎င်းသတင်းအချက်အလက်များကို ဖယ်ရှားရန် လုပ်ဆောင်ပါမည်။

လူကြီးမင်းသတင်းအချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ရာတွင် သဘောတူညီချက်ကို ဥပေဒ လိုအပ်ချက်အဖြစ် လိုအပ်လျှင်သော်လည်းကောင်း၊ လူကြီးမင်း၏နိုင်ငံတွင် မိဘသဘောတူညီချက် လိုအပ်လျှင်သော်လည်းကောင်း  သတင်းအချက်အလက်မကောက်ယူမီနှင့် အသုံးမပြုမီ ကျွန်ုပ်တို့သည် လူကြီးမင်း၏ မိဘများ၏ သဘောတူညီချက်ကို လိုအပ်ပါသည်။

#လိုတိုရှင်း

​၁၃ နှစ်အောက် ကလေးတွေရဲ့ အချက်အလက်တွေကို သိလျက်နဲ့ ကောက်ယူမှုမပြုပါဘူး။ တကယ်လို့ ကိုယ့်အုပ်ထိန်းမှုအောက်က ၁၃ နှစ်အောက် တစ်ဦးဦးက အချက်အလက်တွေ ပေးပို့ထားတာ တွေ့ရရင် ဖယ်ရှားနိုင်ဖို့ ဆက်သွယ်ပါ။

၄။ အခြား website များသို့ ချိတ်ဆက်မှုများ

ကျွန်ုပ်တို့ဝန်ဆောင်မှုတွင် ကျွန်ုပ်တို့လုပ်ကိုင်ဆောင်ရွက်မှုမရှိသော အခြားဝက်ဘ်ဆိုက်များသို့ ချိတ်ဆက်မှုများ ပါရှိနိုင်ပါသည်။ လူကြီးမင်းသည် ပြင်ပပါဝင်သူလင့်ခ်တစ်ခုကို ကလစ်နှိပ်လိုက်လျှင် ပြင်ပပါဝင်သူ၏ ဝက်ဘ်ဆိုက်သို့ ရောက်ရှိသွားပါမည်။ လူကြီးမင်းသွားရောက်သမျှ ဝက်ဘ်ဆိုက်တိုင်းမှ ကိုယ်ရေးအချက်အလက်မူဝါဒကို ဖတ်ရှုသုံးသပ်ရန် ကျွန်ုပ်တို့ အလေးအနက်အကြံပြုပါသည်။

မည်သည့် ပြင်ပပါဝင်သူဝက်ဘ်ဆိုက် သို့မဟုတ် ဝန်ဆောင်မှုများမှ ပါဝင်သည်များ၊ ကိုယ်ရေး အချက်အလက်မူဝါဒများ သို့မဟုတ် လက်တွေ့ကျင့်သုံးမှုများကိုမှ ကျွန်ုပ်တို့ ထိန်းချုပ်ခြင်း မရှိသည့်အပြင် တာဝန်ယူမှု မပြုပါ။

#လိုတိုရှင်း

ဒီဝက်ဘ်ဆိုက်မဟုတ်တဲ့ တခြားဝက်ဘ်ဆိုက်တွေဆီ လင့်ခ်တစ်ခုခုကနေ ထွက်သွားရင်တော့ အဲဒီဝက်ဘ်ဆိုက်ရဲ့ ကိုယ်ရေးလုံခြုံမှုမူဝါဒကို သတိထားဖို့ လိုပါတယ်။

၅။ ဤ ကိုယ်ရေးအချက်အလက်မူဝါဒကို ပြောင်းလဲမှုများ

ကျွန်ုပ်တို့၏ ဤကိုယ်ရေးအချက်အလက်မူဝါဒကို အချိန်နှင့်အမျှ ပြောင်းလဲမွမ်းမံသွားမည်။ ဤစာမျက်နှာတွင် ပြောင်းလဲမှုမှန်သမျှကို အသစ်ဖော်ပြခြင်းဖြင့် လူကြီးမင်းကို အသိပေးသွားမည် ဖြစ်ပါသည်။

 

လူကြီးမင်းကို အီးမေးလ်ဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှုတွင် ထင်ရှားစွာဖော်ပြ၍ သော်လည်းကောင်း၊ ပြောင်းလဲမှုများသက်ရောက်မှုမရှိမီသိရှိစေမည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက် မူဝါဒ၏ အပေါ်ဆုံးရှိ “နောက်ဆုံးအသစ်ဖြည့်စွက်ပြင်ဆင်ချက်” ရက်စွဲကို အသစ်ဖော်ပြသွားပါမည်။

အကြံပြုလိုသည်မှာ ဤကိုယ်ရေးအချက်အလက်မူဝါဒကို အခါအားလျော်စွာကြည့်ရှု၍ ပြောင်းလဲမှု တစုံတစ်ရာရှိမရှိ ဖတ်ရှုသုံးသပ်စေလိုပါသည်။ ဤကိုယ်ရေးအချက်အလက်မူဝါဒ၏ ပြောင်းလဲမှုများသည် ဤစာမျက်နှာတွင် ဖော်ပြသည့်အချိန်မှ စတင်သက်ရောက်ပါသည်။

#လိုတိုရှင်း

အမြဲတမ်း ပြင်ဆင်မှုတွေ ရှိနေနိုင်ပြီး အသစ်ပြင်ဆင်လိုက်တဲ့ ရက်စွဲကို မူဝါဒရဲ့ ထိပ်ပိုင်းမှာ ဖော်ပြမှာပါ။

၆။ ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဤကိုယ်ရေးအချက်အလက်မူဝါဒနှင့်ပတ်သတ်၍ မေးမြန်းလိုသည်များ ရှိပါက အောက်ပါ အီးမေးလ်သို့ ဆက်သွယ်နိုင်ပါသည်။

#လိုတိုရှင်း

မေးချင်တာရှိသေးရင် contact@cencs.org ကို ဆက်သွယ်ပါ။

bottom of page