top of page

ဘယ်သူတွေလဲ၊ ဘာတွေလုပ်လဲ

သမိုင်းတလျှောက် သူ့အလိုလိုပေါ်လာတဲ့အလှည့်အပြောင်း အင်မတန်ရှားပါတယ်။ ကောင်းမွန်ပြီး လိုလားအပ်တဲ့ အပြောင်းအလဲတွေဖြစ်လာဖို့ မဆုတ်မနစ်ခရီးဆက်ရာမှာ စိတ်ရှည်ဇွဲသန်စွာ ဆောင်ရွက်ကြသူတွေရော၊ သူတို့ရဲ့ မဟာဗျူဟာကျကျ အားထုတ်ဆောင်ရွက်မှုတွေကပါ အရေးကြီးပါတယ်။

Image by Jeppe Hove Jensen

နိုးကြားပါဝင်သူတွေရဲ့စုဖွဲ့မှု

ပြည်တွင်းစစ်၊ စစ်အာဏာရှင်စနစ်တို့နဲ့ ယှဉ်တွဲနေတဲ့ မြန်မာ့ပြည်သူတွေဟာ ခေတ်အဆက်ဆက် လူ့အခွင့်အရေးတွေ၊ လွတ်လပ်မှုတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီမိုကရေစီရောင်နီသမ်းခဲ့တဲ့ နှစ်တွေမှာ အများအပြား ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာလည်း အကျဉ်းအကြပ်ထဲက တတ်နိုင်သမျှ ဆက်ရုန်းကန် လှုပ်ရှားကြဆဲပါ။ စင်တာဟာ အဲဒီ အဖွဲ့အစည်းတွေက နိုးကြားပါဝင်သူ နိုင်ငံသားတွေရဲ့ စုဖွဲ့မှုဖြစ်ပါတယ်။

မျှော်မှန်းချက်

ပြည်သူ့ နိုးကြားပါဝင်မှု အားကောင်းမောင်းသန်ရှိရေးမှသည်
တရားမျှတသည့် ဒီမိုကရေစီနည်းကျ လူ့အဖွဲ့အစည်းသို့...

ဘာတွေလုပ်လဲ

နိုးကြားတဲ့နိုင်ငံသားတွေနဲ့ အစုအဖွဲ့တွေရဲ့ စွမ်းပကားကို မြှင့်တင်တာ၊ ညီညီညွတ်ညွတ်နဲ့ အကျိုးရလဒ်ကောင်းတွေ ဖော်ဆောင်တာ၊ အခင်းအကျင်းကောင်းတွေ ဖန်တီးတာဟာ စင်တာရဲ့ မဟာဗျူဟာချဉ်းကပ်မှုပါပဲ။ ဒါတွေအတွက် အောက်ပါလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။

သတင်းအချက်အလက်နဲ့ သင်ယူလေ့လာမှု

သင်ယူလေ့လာမှု မရပ်တန့်မှသာ လူ့အဖွဲ့အစည်း တိုးတက်ပါတယ်။ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ စဉ်ဆက်မပြတ် ရရှိနိုင်မှ အများအကျိုးသယ်ပိုးရာမှာ ဆုံးဖြတ်ချက်တွေ မှန်မှာပါ။ နိုးကြားတဲ့ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေအတွက် သင်ယူလေ့လာမှုနဲ့ သတင်းအချက်အလက်တွေ စီးဆင်းမှု မပြတ်ဖို့ ကြိုးစားနေပါတယ်။

ကွန်ရက်ချိတ်ဆက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု

အကျိုးရလဒ်ကောင်းတွေ ပေါ်ပေါက်၊ တည်တံ့စေဖို့ တစ်ဦးချင်း တစ်ဖွဲ့ချင်း စွမ်းဆောင်မှုထက် ကွန်ရက်ချိတ်ဖွဲ့မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက အခရာကျပါတယ်။ လိုလားအပ်တဲ့ အနာဂတ်အရွေ့ဆီ ပြည်တွင်းနဲ့ နိုင်ငံတကာက နိုးကြားတဲ့ နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေနဲ့ ညီညွတ်စွာနဲ့ ပူးပေါင်းချိတ်ဆက် လုပ်ကိုင်နေပါတယ်။

သုတေသနနဲ့ မူဝါဒအကြံပြုတိုက်တွန်းမှု

လူတစ်ဦးချင်းနဲ့ အစုအဖွဲ့တွေဟာ လူ့အဖွဲ့အစည်းရဲ့ ပစ္စုပ္ပန်နဲ့ အနာဂတ်အရေးတွေမှာ လွတ်လပ်စွာ ပါဝင် ဆောင်ရွက်ခွင့်ရှိဖို့ ဘယ်လိုအခင်းအကျင်းတွေ ရှိရမလဲ သုတေသနပြုပါတယ်။ တွေ့ရှိချက်အရ အခင်းအကျင်းကောင်းတွေပေါ်လာဖို့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေကို ချဉ်းကပ်တိုက်တွန်းပါတယ်။

ပဏာမ တင်ဆက်မှု

ဆန်းသစ်ဖန်တီးမှုနဲ့ တစိုက်မတ်မတ် အားထုတ်မှုတွေ ပေါင်းစပ်သွားတဲ့အခါ နိုးကြားတဲ့ နိုင်ငံသားတွေနဲ့ အစုအဖွဲ့တွေအတွက် အထောက်အကူပြုမယ့်ရလဒ်တွေ ပေါ်ပေါက်လာကြပါတယ်။

Initiative.webp

The Analyst သတင်းလွှာ

မြန်မာ့လူ့အဖွဲ့အစည်းပေါ် ရိုက်ခတ်နေတဲ့ စစ်မက်ဘေးအန္တရာယ်တွေ၊ နိုင်ငံရေးအရွေ့တွေဟာ အပြောင်းအလဲ အလှုပ်အရှား များလွန်းလှပါရဲ့။ ဒီအခင်းအကျင်းမှာ လှုပ်ရှားဆောင်ရွက်နေကြတဲ့ နိုးကြားထက်သန်သူ လူပုဂ္ဂိုလ်တစ်ဦးချင်းကနေ အဖွဲ့အစည်းတွေအတွက် "တစ်တောလုံးမြင်၊ တစ်ပင်ချင်းသိ" ဖို့ အရေးကြီးလှတယ်။ ဒီအတွက် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို မြင်ကွင်းကျယ် ချိတ်ဆက်ခြုံငုံကြည့်နိုင်ဖို့ The Analyst သတင်းလွှာကို ထုတ်ဝေပါတယ်။ အဆုံးအဖြတ်မှာ လိုအပ်မယ့် မှန်ကန်တိကျတဲ့ သတင်းအချက်အလက် လစ်လပ်မနေရအောင် လွယ်လင့်တကူ လက်တကမ်း ရယူနိုင်တဲ့ The Analyst သတင်းလွှာ ရှိနေပါပြီ။

bottom of page